Events
အယ်လ်ဂျီးရီးယားနိုင်ငံတွင် ကျင်းပမည့် “International Salon of Microenterprise” ပြပွဲသို့ မြန်မာကုမ္ပဏီများ ပါဝင်ပြသနိုင်
Updated At: 2022-08-04 11:04:44
အယ်လ်ဂျီးရီးယားနိုင်ငံ၌ ၅-၉-၂၀၂၂ ရက်နေ့မှ ၇-၉-၂၀၂၂ ရက်နေ့အထိ အယ်လ်ဂျီးရီးယား နိုင်ငံ၊ ကုန်သွယ်ရေးနှင့်ပြည်ပပို့ကုန်မြှင့်တင်ရေးဝန်ကြီးဌာန (Ministry of Trade and Promotion of Exportations-MCPE) မှကြီးမှူး၍ “International Salon of Microenterprise” ပြပွဲကို ကျင်းပပြု လုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်ပြသနိုင်ကြောင်း ဟနွိုင်းမြို့ အခြေစိုက် အယ်လ်ဂျီးရီးယားသံရုံးမှ ဖိတ်ကြားလာပါသည်။
အဆိုပါပြပွဲသည် လယ်ယာထွက်စားသောက်ကုန်လုပ်ငန်း၊ ထုတ်ကုန်များကို နည်းစနစ် ဖြင့် ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ တိရိစ္ဆာန်မွေးမြူ ရေးပစ္စည်းကိရိယာလုပ်ငန်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ ရေထွက်ကုန် ပစ္စည်းလုပ်ငန်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်း၊ စက်ပစ္စည်းကိရိယာများထုတ်လုပ်သည့်လုပ်ငန်း၊ ပလက်စတစ်နှင့် ဒီဂျစ်တယ်လုပ်ငန်း စသည့်ကဏ္ဍများမှ ထုတ်လုပ်သူများအတွက် ရည်ရွယ်ထားရာ ပါဝင်ပြသမည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ထုတ်လုပ်မှုအကျိုး ကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ပါသည်။
သို့ပါ၍အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြပွဲ Registration Form အား www.algex.dz/blog-export/ item/2025-invitation-pour-participer-a-la-premiere-edition-du-salon-international-de-la-micro-entreprise တွင်ရယူနိုင်ပြီး သိရှိလို သည့်အချက်များအား Email:[email protected] သို့ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း သတင်းရရှိပါသည်။
(ဆွေဆွေဝင်း၊ ဒု-ဦးစီးမှူး)
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025